လွတ်အောင်ပြေးမိအောင်ဖမ်းဆိုတဲ့စကားဟာ တို့ကလေးဘ၀က စတင်ရင်းနှီးလာခဲ့သလို အခုလို အရွယ် ရောက်ပြီး တစ်ဝမ်းတစ်ခါးရှာစားရတဲ့အခါကျတော့လည်း ကျင်လည်ခဲ့တဲ့ပတ်ဝန်းကျင်နဲ့ အကျွမ်း ၀င်နေပါတယ်။
နေတာကဟိုဘက်နယ်နမိတ်နဲ့ ဒီဘက်နယ်နမိတ်ကူးချည်သန်းချည်နေလို့ရတဲ့ လောကမှာကြီးလာတော့ ဒါပဲစဉ်းစားပြီး ဒါပဲလုပ်ခဲ့တယ်။ လွယ်လဲလွယ်တယ်လေ၊ ပညာတတ်ဖို့လည်း သိပ်မလိုဘူး၊ ကျွန်တော် လုပ်ရဲရင်ကျွန်တော်စားခဲ့ရသလိုလွှတ်ခဲ့ရတာလည်းရှိတာပေါ့၊ ဒါပေမဲကုန်သည်ကြီးတွေကလည်း ကျွန်တော် တို့ပေးလိုက် တဲ့ပစ္စည်းအပေါ် တစ်ခါတစ်လေ အရောက်ပို့တာတောင်မှ အချိတ်အဆက်လွဲပြီး ခံရသေး တယ်ဗျ။ နလံမထူနိုင်တဲ့ အခေါက်လဲ ရှိခဲ့ဖူးတယ်၊ ဒါပေမဲ့နည်းစနစ်အမျိုးမျိုးနဲ့ ကျွန်တော်တို့ ၀ှိုက်နေကြပေမဲ့ မကိုက်ဘူး ကျောချမ်းရတယ်၊ ဒီတော့ တစ်ချီရှုံး နှစ်ချီမှာ ရဲရဲနှင့် ရမ်းရမ်းဆော်ပြီး သယ်ချင်ပေမဲ့လည်း လာမဲ့ကာလတွေမှာ နေရာအရ ရာသီချိန် အခွင့်သာပေမဲလည်း လွတ်အောင်ပြေးမိအောင် ဖမ်းနေတဲ့ ဆရာအစုံနဲ့မတိုးအောင် လှိမ့်လို့မရဖြစ်နေတယ်။ ကြာလေ ကျဉ်းလေဖြစ်လာပြီ၊ ကျွန်တော်တို့ရဲ့ မျက်စေ့ရှေ့ နားရှေ့မှာပဲ အပြောနဲ့အလုပ် အဟုတ်ညီအောင် လုပ်ပြတဲ့ နမူနာတွေရှိနေတော့ မရဲ မရဲနဲ့ပဲ အခုတွေ ဝေနေရတယ်။ တစ်ဖက်က ပုံစံသစ်ပြင်ပြီး ပီပီပြင်ပြင်လုပ်လာရင် ကျွန်တော်ဆက်တိုးလို့မရနိုင်ဘူးလို့ စဉ်းစားမိတယ်။ အခုလိုအချိန်မှာတော့ မိမိလည်းဆုံး ပစ္စည်းလည်းဆုံး၊ ယခုအချိန်မှ လမ်းကြောင်း ကြပ်နေ တယ်လို့ သွားပြီးသတင်းလွှင့်ပေးပါလို့ သွားလဲမပြောချင်တော့ဘူး၊ ချောင်နေ တုန်းက ကိုယ်ကငြိမ်နေခဲ့တာ ကိုး၊ ဒီတော့ လွတ်အောင်ပြေးမိအောင်ဖမ်းနဲ့ မကစားတော့ပဲ သမာအာဇီဝစစ်စစ်နဲ့ ရဲရဲတင်းတင်း အိပ်ပျော် တဲ့အလုပ် ငါတို့ပတ်ဝန်းကျင်မှာမရှားတော့ အလုပ်ပြောင်းပြီး ခရီးဆက်သွားတော့မယ် သူငယ်ချင်းရေ ---------------
ရွှေရောင်ခံစားမှုမိတ်ဆက်
လူရယ်လို့ဖြစ်လာရင် ရင်ထဲမှာ ခံစားမှုတွေက ပုံစံအမျိုးမျိုးနဲ့ ကိန်းအောင်းနေတတ်ကြပါ တယ်။ အဲ့ဒီလိုခံစားမှုအမျိုးမျိုးထဲကနေပြီး တစ်စုံတစ်ခုအတွက် အကျိုးရှိမယ့်၊ တန်ဖိုးရှိ မယ့် ခံစားမှုလေးတွေကိုတော့ လူတိုင် တစ်ခုမဟုတ်တစ်ခု ခံစားဖူးကြမယ်၊ ခံစားချင်ကြ မယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကိုယ်ကျင်လည်ရာဝန်းကျင်၊ ကိုယ်နဲ့ဆက်စပ်နေ တဲ့ နယ်နမိတ်တွေရဲ့အဆုံးတင်မကဘဲ ကိုယ့်စိတ်ရဲ့ကျက်စားမှုနယ်ပယ်က ကြီးမားရင် ကြီးမားသလောက်၊ ကျယ်ပြန့်ရင်ကျယ်ပြန့်သလောက် နက်ရှိုင်းတဲ့၊ တန်းဖိုးရှိတဲ့ ခံစားမှု မျိုးတွေ မွေးဖွားလာနိုင်ပါတယ်။ လူတွေကကိုယ့်အတွက်အလုပ်အကိုင်ကောင်း၊ ပတ်ဝန်း ကျင်ကောင်းတွေနဲ့သာမက အားလုံးသောအနေအထားတွေက ကောင်းတဲ့ဘက်မှာ ရှိနေမယ်ဆိုရင် ကိုယ့်အတွက် အားလုံးကရွှေတွေပဲလို့ အားပါးတရရင့်ကျူးမိတတ် ကြပါတယ်။ အလားတူပါပဲ ဒီဘလော့ဂ်မှာ ရင်ထဲက အကောင်းဆုံးခံစားမိသမျှလေးတွေ ကိုမျှဝေပေးနိုင်ဖို့ ရွှေလိုတန်ဖိုးရှိတဲ့ခံစားချက်လေးတွေကို ထပ်တူခံစားနိုင်ဖို့အတွက် သိမိ တဲ့၊ မြင်မိတဲ့၊ ကြားမိတဲ့၊ ကြုံမိတဲ့အရှိလေးတွေကို မျှဝေပေးချင်ပါတယ်။ ရွှေရောင်ခံစားမှု ဘလော့ဂ်လွင်ပြင်ကနေ ကမ်းလင့်ကြိုဆိုပါရစေ.........
**************************************************************
**************************************************************
Tuesday, July 22, 2008
Subscribe to:
Comments (Atom)