‌ရွှေရောင်ခံစားမှုမိတ်ဆက်

လူရယ်လို့ဖြစ်လာရင် ရင်ထဲမှာ ခံစားမှုတွေက ပုံစံအမျိုးမျိုးနဲ့ ကိန်းအောင်းနေတတ်ကြပါ တယ်။ အဲ့ဒီလိုခံစားမှုအမျိုးမျိုးထဲကနေပြီး တစ်စုံတစ်ခုအတွက် အကျိုးရှိမယ့်၊ တန်ဖိုးရှိ မယ့် ခံစားမှုလေးတွေကိုတော့ လူတိုင် တစ်ခုမဟုတ်တစ်ခု ခံစားဖူးကြမယ်၊ ခံစားချင်ကြ မယ်ဆိုတာ ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ကိုယ်ကျင်လည်ရာဝန်းကျင်၊ ကိုယ်နဲ့ဆက်စပ်နေ တဲ့ နယ်နမိတ်တွေရဲ့အဆုံးတင်မကဘဲ ကိုယ့်စိတ်ရဲ့ကျက်စားမှုနယ်ပယ်က ကြီးမားရင် ကြီးမားသလောက်၊ ကျယ်ပြန့်ရင်ကျယ်ပြန့်သလောက် နက်ရှိုင်းတဲ့၊ တန်းဖိုးရှိတဲ့ ခံစားမှု မျိုးတွေ မွေးဖွားလာနိုင်ပါတယ်။ လူတွေကကိုယ့်အတွက်အလုပ်အကိုင်ကောင်း၊ ပတ်ဝန်း ကျင်ကောင်းတွေနဲ့သာမက အားလုံးသောအနေအထားတွေက ကောင်းတဲ့ဘက်မှာ ရှိနေမယ်ဆိုရင် ကိုယ့်အတွက် အားလုံးကရွှေတွေပဲလို့ အားပါးတရရင့်ကျူးမိတတ် ကြပါတယ်။ အလားတူပါပဲ ဒီဘလော့ဂ်မှာ ရင်ထဲက အကောင်းဆုံးခံစားမိသမျှလေးတွေ ကိုမျှဝေပေးနိုင်ဖို့ ရွှေလိုတန်ဖိုးရှိတဲ့ခံစားချက်လေးတွေကို ထပ်တူခံစားနိုင်ဖို့အတွက် သိမိ တဲ့၊ မြင်မိတဲ့၊ ကြားမိတဲ့၊ ကြုံမိတဲ့အရှိလေးတွေကို မျှဝေပေးချင်ပါတယ်။ ရွှေရောင်ခံစားမှု ဘလော့ဂ်လွင်ပြင်ကနေ ကမ်းလင့်ကြိုဆိုပါရစေ.........

**************************************************************

Wednesday, February 27, 2008

ကိုဂျိန်းမီတို့စဉ်းစားသင့်ပြီ

၁၅-၁-၀၈ နေ့က အခန်းဖော်နဲ့ စကားပြောကောင်းနေတုန်း ကိုပါလေရာကြီး ရေဒီယိုနားထောင်ရင်း ၀င်လာတာနဲ့ media ကနေ တစ်ဆင့်ကြားလိုက်ရတယ်။ အဲဒီမီဒီယာကိုအရမ်းကျေးဇူးတင်သွားတယ်ဗျာ။ အကြောင်း က ဒီလိုဗျ။ အဲဒီ မီဒီယာသတင်းမှာ ''ကုန်တင်ကားတွေကို ငွေပေးပြီးသွင်းနေတယ်'' ဆိုတဲ့ သတင်းကြောင့် ပေါ့ဗျာ။ ငယ်ငယ်က အတန်းဖော်တစ်ယောက်ကို သွားသတိရမိလို့ပါ။ သူ့ကို အတန်းသားတွေက medial လို့ နာမည်ပေးထားတယ်လေ။ သူ့ဆီရောက်လာတဲ့ သတင်းမှန်သမျ ဟုတ်နိုင်/မဟုတ်နိုင် စဉ်းစားမနေဘဲ ''ဂျပိုးကို လိပ်ဖြစ်ချင်ဖြစ်ပစေ'' ပြောတတ်လို့တဲ့လေ။ အတော်ကြာတဲ့ အတန်းဖော်တွေ media နဲ့ မှ နှိုင်းရက်ပလေတယ် ဆိုပြီး အရမ်းကိုကောင်းချီးပေးသတိရမိသေးရဲ့ဗျာ။ နောက်ပြီး ''ဂျပန်လုပ်ဆလွန်းလေးဘီးနဲ့ ခြောက်ဘီးကား တွေထိုင်းနိုင်ငံကနေသွင်းနေတဲ့အတွက် မြန်မာကျပ်ငွေဈေးတက်နေသေးသတဲ့။'' အလွန်တော်တဲ့ အတွေးအခေါ် ပညာရှင်တွေဘဲဆိုပြီး အိန္ဒိယက ဂျိန်းဘုန်းကြီးတွေကို သွားသတိရမိရဲ့ဗျာ။ သူတို့ထင်မြင်ယူဆတာ အမှန်ဘဲ ဆိုပြီး လူတွေကြားမှာ ကိုယ်တုံးလုံးကြီး လျောက်သွားနေတာတော့ ရှက်စရာကြီးဆိုတာ လူတိုင်းသိကြပါ တယ်ဗျာ။ ဘာထူးလို့လဲ ကိုဂျိန်းမီရယ်။ မှန်လား/မှားလားကို မစဉ်းစားနိုင်ဘဲနဲ့များ ကမ္ဘာ့သတင်းလုပ် ငန်းကြီး လုပ်နေသေးရဲ့။ ပြုလုပ်သူကဂျပန် ရောင်းသူက ထိုင်း၊ ၀ယ်သူကမြန်မာ ဒါနဲ့များ မြန်မာငွေဈေးက တက်ရောဘဲလား။ မြန်မာ့ပို့ကုန်တွေ မြင့်မားခိုင်မာလာလို့ မြန်မာ့ထုတ်ကုန်တွေကို ပြည်ပမှာဈေးကွက်ကောင်း လာလို့ မြန်မာကျပ်ငွေဈေး တက်လာတယ်ဆိုတာ လူပြိန်းတွေတောင် နားလည်ပါတယ် ကိုဂျိန်းမီ မီဒီယာရယ် အတော်လဲ လုပ်ပါအုန်း။

အခုတလော ရင်းနှီးမြုပ်နှံမှုလုပ်ငန်းသုံးကားတွေ၊ စက်ပစ္စည်းတွေကို တင်သွင်းခွင့်ပေးနေပါတယ်..။ ကိုဂျိန်းမီရယ်။ ကိုဂျိန်းမီဆိုလို့ ခင်ဗျားကို ဂျိန်းစ်ဘွန်းနဲ့တင်စားခေါ်နေတာမထင်ပါနဲ့အုံး။ ခင်ဗျားတို့ အတွေး အခေါ်တွေက ရှေးကဂျိန်းတွေရဲ့အတွေးအခေါ်လို နောက်ပြန်ဆွဲနေပြီး၊ မမှန်မကန်ဖြစ်နေတာရယ်။ (အချို့မီဒီယာတွေဆိုရင် အများပြည်သူတွေက လူလိမ်လူညာကြီးလို့ မြင်နေကြလို့ သက်သာအောင် မီတစ်လုံးကိုဘဲ အားနာ ပါးနာအတိုကောက်ယူပြီး ကိုဂျိန်းမီလို့နာမည်ပေးထားတာနော်။ ကိုယ့်နာမည်ကိုလဲ မှတ်ထားအုံး ကိုဂျိန်းမီရေ..။

No comments: